Thai-born Burmese boy gets 3rd in paper airplane contest, Japan
https://myanmarcelebrityinfo.blogspot.com/2009/09/thai-born-burmese-boy-gets-3rd-in-paper.html

(Photos AP: Thai entrant Mong Thongdee prepares to release his paper plane during the individual indoor flight duration competition at the All-Japan Origami Airplane Contest in Makuhari, near Tokyo, Sunday, Sept. 20, 2009)
နိုင်ငံမဲ့ မြန်မာနွယ်ဖွား လူငယ်လေး နိုင်ငံတကာ စက္ကူလေယာဉ်ပြိုင်ပွဲမှာ တတိယဆုရ
နိုင်ငံမဲ့ဖြစ်နေတဲ့ မြန်မာနွယ်ဖွား မောင်သောင်ဒီ အသက် (၁၂) နှစ် သည် ဂျပန်နိုင်ငံ၊ နိုင်ငံတကာ စက္ကူအရုပ်ချိုး လေယာဉ်ပြိုင်ပွဲတွင် ထိုင်းငံကို ကိုယ်စားပြုကာ တတိယဆု ရရှိခဲ့ပါတယ်။ မောင်သောင်ဒီရဲ့ စက္ကူလေယာဉ်က လေထဲမှာ (၁၀.၅၃) စက္ကန့် ၀ဲပျံနိုင်ပြီး နိုင်ငံတကာမှ လူငယ်လေးများပါဝင်တဲ့ တဦးချင်း ပြိုင်ပွဲမှာ တတိယဆု ရရှိခဲ့သလို အသင်းလိုက် ပြိုင်ပွဲတွင်လည်း မောင်သောင်ဒီရဲ့ (၁၁) စက္ကန့် ၀ဲပျံနိုင်တဲ့ စက္ကူလေယာဉ်ကြောင့် ပထမဆု ရရှိခဲ့ပါသေးတယ်။ မောင်သောင်ဒီ၏ မိဘတွေက ထိုင်းနိုင်ငံသို့ တရားမ၀င်လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံမှ ရှမ်းတိုင်းရင်းသားများဖြစ်ပြီး မောင်သောင်ဒီအား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မွေးဖွားခဲ့တာပါ။ မောင်သောင်ဒီအနေဖြင့် ထိုင်းနိုင်ငံ၌ မွေးဖွားသော်လည်း ထိုင်းနိုင်ငံသားအဖြစ် အကျုံးမ၀င်သကဲ့သို့ မြန်မာနိုင်ငံသား အဖြစ်လည်း နိုင်ငံသားလက်မှတ်မရှိသဖြင့် နိုင်ငံမဲ့ အခြေအနေအဖြစ် ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနက တရားဝင်ခရီးသွားခွင့် လက်မှတ် ထုတ်ပေးရန် လက်မခံဘဲ ငြင်းပယ်ခဲ့ပါ။ နောက်ပိုင်းမှာ ထိုင်းမီဒီယာတွေကနေ ဂျပန်နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ မျက်ရည်ဆက်လက်နဲ့ တောင်းပန်ခဲ့တဲ့ မောင်သောင်ဒီကို မီးမောင်းထိုးပြခဲ့တာကြောင့် ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်ရဲ့ တောင်းဆိုမှုဖြင့် မောင်သောင်ဒီအား ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနက ယာယီ ခရီးသွားခွင့်လက်မှတ် ထုတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ယမန်နှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် National Mental and Material Tenology Centre က ကျင်းပသည့် စက္ကူလေယာဉ်ပြိုင်ပွဲတွင် မောင်သောင်ဒီ ပထမဆုရရှိခဲ့တာကြောင့် ဂျပန်နိုင်ငံတွင်ပြုလုပ်မည့် နိုင်ငံတကာ စက္ကူအရုပ်ချိုးလေယာဉ် ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် ဖိတ်ကြားခံခဲ့ရခြင်း ဖြစ်ပါတယ်။ မောင်သောင်ဒီရဲ့ အဖြစ်က ထိုင်းနိုင်ငံရှိ သောင်းနဲ့ချီတဲ့ နိုင်ငံမဲ့ မြန်မာကလေးငယ်တွေရဲ့ ဘ၀ကို မီးမောင်းထိုးပြနေတာပါ။